တကယ်တော့ site ထဲရောက်တဲ့ ရက်ကလည်းနည်းနည်းရှိလာတော့
ဖို့ထားတဲ့ မြေသားနားရောက်တိုင်း FDT ကိစ္စက ခေါင်းထဲရောက်ရောက်လာပြန်ရော၊ ကိုယ်က
မဟုတ်တာလုပ်ထားရင် လုံ့မလဲ စိတ်ထဲဖြစ်သလို ခံစားချက်မျိုးဗျာ၊ ဟုတ်တယ်လေ FDT စစ်တာကို အောင်၊ မအောင် စစ်သမျှကိုယ်က သွားကြည့်ရတာ.၊
QC Team ကလူတွေ သူ့ဟာသူ တွက်ချက်ပြီးတော့
ယူယူသွားလို့သာ အဆင်ပြေနေတာ။ မတော်လို့ ကိုယ့်လာတွက်ခိုင်းနေရင် ငါးပါးရော ခြောက်ပါးရော
မှောက်ကုန်တော့မှာ၊ ဘယ်လိုနည်းနဲ့ တွက်မှန်းလည်းမသိသလို ဘယ် density ကို ရပြီး ဘယ်လို pass ဖြစ်မှန်း ကိုယ်မှမသိတာ။
အဲ့လိုနဲ့ဘဲ မသိရင် မေး၊ မစင် ဆေး ဆိုတဲ့အတိုင်း ပုံပြင်သာဆိုရင်
ပညာရှိဇီးကွက်လို့ ဆိုရမယ့် ကျွန်တော့်မျက်စိထဲမှာ သရုပ်ဆောင်ငြိမ်းချမ်းနဲ့တူတဲ့ ဘရားသားဆီကိုဘဲ
သွားမေးရပြန်ရော၊ အမှန်တိုင်းပြောရရင် စာဖတ်ပျင်းတာရယ် သူရှင်းပြရင် သေသေချာချာရှင်းပြတတ်တာကြောင့်ရယ်ပါ။
“ကိုငှက် ဒီ FDT စစ်တာကနေ ရတဲ့ density ကို pass ဖြစ် မဖြစ် ဘာနဲ့ယှဉ်ပြီး ဆုံးဖြတ်ရတာလဲ “
“ ဒီလိုကွာ ငါတို့ ဒီမြေမဖို့ခင် ဒီမှာသုံးမယ့်မြေသားယူမယ့်နေရာဆီ
သွားရတယ်၊ အဲ့ဒီကနေ နမူနာယူပြီးတော့ Lab ခန်းမှာ လိုအပ်တဲ့ compaction လုပ်လိုက်ရင် density ရယ် moisture content ကို ရတယ်၊ အဲ့ဒီ density နဲ့ ငါတို့ ဖို့ထားတဲ့ မြေကြီးရဲ့ density ကို compare လုပ်လိုက်ရင် 95% အထက်ရမှ pass ဖြစ်တယ်၊ ဒီခုစစ်တဲ့နည်းကိုတော့ Sand Cone Method
လို့ခေါ်တာပေါ့ကွာ “
အလုပ်ထဲမှာတော့ မြေသားတူးပြီးယူတဲ့နေရာကို Borrow pit လို့ သုံးကြပါတယ်။
Sand cone method - sand cone method ဆိုတာက compaction စစ်ချင်တဲ့အခါ site ထဲမှာတင် dry density တွက်ဖို့ လမ်းလုပ်ငန်းတွေမှာ Field Density Test (FDT) လုပ်ရင် အသုံးများပါတယ်။တစ်ခြား methods တွေလည်းရှိပါသေးတယ်။ ကျွန်တော်မလုပ်ဖူးလို့ သေသေချာချာ ရှင်းမပြတတ်ပါကြောင်း....
References –
No comments:
Post a Comment